ထီးချိုင့်မြို့နယ်၊ မကျီးပင်ကျေးရွာအနီးတွင် တရားမဝင်သစ်များဖမ်းဆီးရမိ

(၂၀-၄-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ မကျီးပင်ကျေးရွာ မြောက်ဘက်(၂)မိုင်ခန့် အကွာ နေရာမှ တရားမဝင်ကျွန်းသစ်/လုံးပတ်(၃)ပေအောက်ကျွန်းသစ် စုစုပေါင်း (၂၉)လုံး(၅.၃၁၀)တန် အား ဖမ်းဆီးရမိရမိခဲ့ပြီး ဖမ်းဆီးရမိပစ္စည်းများအားဦးမြင့်အောင်ယာတဲနှင့် မကျီးကျေးရွာ တာဝန်ခံထံသို့ သယ်ယူအပ်နှံပြီးဆက်စပ်တရားခံများအား ရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 14:00