ဆင်ပေါင်ဝဲမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၂-၄-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ ရေတာရှည်မြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ် သစ်တာဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ်၊ အရှေ့ရိုးမ ကြိုးဝိုင်းအကွက်အမှတ် (၁၅)အတွင်းမှ တရားမဝင်သစ် ပျဉ်းကတိုးခွဲသား (၅၁)ချောင်း (၃.၅၃၇၄) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, April 27, 2020 - 10:15