ရမည်းသင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၂-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ ပုသိမ်ကြီးမြို့နယ် နှင့် ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၊ ကင်းကျေးရွာ၏အနောက် မြောက်ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် သပြေ/သစ်ယား/သစ်စေး/မျောက်ငို/စကားဝါ သစ်/ခြမ်း/စိတ် (၁၇)လုံး/ခြမ်း/စိတ် (၄.၉၀၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

date: 
Monday, April 27, 2020 - 10:15