စလင်းမြိုနယ်၊ အနောက်စလင်းကြိုးဝိုင်း အကွက်အမှတ်(၁၃)အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၄-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စေတုတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စလင်းမြိုနယ်၊ အနောက်စလင်းကြိုးဝိုင်း အကွက်အမှတ်(၁၃)အတွင်း တရားမဝင်လုံးပတ်(၃)ပေအောက်သန်း/ဒဟတ်/ ဘုမ္မဲဇာသစ် (၅၈)လုံး (၅.၃၆၀၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, April 27, 2020 - 13:45