ပုသိမ်မြို့နယ်၊ ရ.က.အ(၉) ထင်းပုံဆိပ်ရှိ ဦးအေးကို၏ အစလ သစ်စက်ဝင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၄-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မြင့်မြတ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ရ.က.အ(၉) ထင်းပုံဆိပ်ရှိ ဦးအေးကို၏ အစလ သစ်စက်ဝင်းအတွင်းမှ တရားမဝင် တောင်သရက်ခွဲသား (၃၈)ချောင်း (၃.၇၀၄၂)တန် အား တရားခံ(၁)ဦးနင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သစ်စက်နှင့်တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, April 29, 2020 - 13:30