ဖောင်းပြင်မြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

၂၈-၄-၂၀၂၀ ရက်နေ့တွင် ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများသည် မြို့မဘိနယ်မြေအတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်စဉ် ၁၃:၄၅ နာရီအချိန်တွင် နန်းမခွင်ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင် တမလန်းခွဲသား (၁၇)ချောင်း၊ စုစုပေါင်း (၃.၀၃၄၄)တန်ကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအားစုံစမ်းဖော်ထုတ်၍ သစ်တောဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Monday, May 4, 2020 - 10:15