မဘိမ်းမြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

၁-၅-၂၀၂၀ ရက်နေ့တွင် မဘိမ်းမြို့နယ် သစ်တောဦးစီးဌာန မှတောအုပ်ဦးရဲမင်းထွဋ် ဦးဆောင်၍ သစ်တောဝန်ထမ်း(၃)ဦး၊တပ်မတော်တပ်ရင်းတပ်ဖွဲ့မှ နယ်မြေလုံခြုံရေးတပ်စု(၁)၊ ခွဲတကက သိန်းမင်းဇော် (ပိုင်-၈၈ဝ၂၉၄) ဦးစီး(၁)စိတ် ပူးပေါင်းအဖွဲ့တို့မှ ရမ်းဘိုဘိနယ်အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ အချိန်(၁၃:၃၀)နာရီတွင် မိုင်းသာကြိုးဝိုင်း အကွက်အမှတ်(၉)၊ ခေါတောကျေးရွာ၏ အရှေ့ဘက်(၄)မိုင်ခန့်အကွာနေရာမှ ရပ်တန့်ထားသော ဖောက်ရှဲ(၆)ဘီး (အပြာရောင်) ယာဉ်(၁)စီးနှင့်အတူ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၁၈၈)ချောင်း (၂.၃၆၂၄)တန် အား ပိုင်ရှင်မတွေ့ရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ပိုင်ရှင်စုံစမ်းဖော်ထုတ်၍အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ယာဉ်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ အပ်နှံလျက် သစ်တောဥပဒေပုဒ်မ ၄၃(က) ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။

date: 
Monday, May 4, 2020 - 13:15