မဘိမ်းမြို့နယ်အတွင်းတရားမဝင်သစ်ကားများထပ်မံဖမ်းဆီးရမိ

(၂.၅.၂၀၂၀)ရက်နေ့တွင်မဘိမ်းမြို့နယ်အတွင်းတောအုပ် ဦးစိုင်းကျော်လွင် ဦးဆောင်၍ သစ်တောဝန်ထမ်း(၃)ဦး၊ နယ်မြေလုံခြုံရေးတပ်စု(၁)မှ ခွဲတကက သိန်းမင်းဇော် (ပိုင်-၈၈၀၂၉၄) ဦးစီး(၁)စိတ် ပူးပေါင်းအဖွဲ့တို့မှ ခိုတာ-လဝါဘိနယ်အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ အချိန်(၀၉:၃၀)နာရီတွင် ကုန်းမခံကျေးရွာ၏ အရှေ့ဘက်(၂)မိုင်ခန့်အကွာနေရာမှ မိုးမိတ်မြို့ ၊ မြောက်ပိုင်းရပ်ကွက်နေ ဦးသက်နိုင်မင်း(၄၀)နှစ်၊ (ဘ)ဦးညီညီ၊ မှတ်ပုံတင်အမှတ်-၁၃/မမတ(နိုင်)၀၃၅၁၆၅ နှင့်အတူ ရပ်တန့်ထားသော ယမ်းဖောင်(ခေါင်းစိမ်း)ယာဉ်(၁)စီးပေါ်တွင် တင်ဆောင်ထားရှိသည့် တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ(၂၀၇)ချောင်း (၉.၈၁၁၀)တန်နှင့် မဘိမ်းမြို့၊ ကုန်းမခံကျေးရွာနေ ဦးမင်းထက်ဝင်း(၂၇)နှစ်၊ (ဘ)ဦးဝင်းဘို၊ မှတ်ပုံတင်-မမှတ်မိ နှင့်အတူ ရပ်တန့်ထားသော အယ်ဇူး(ခေါင်းစိမ်း)ယာဉ်(၁)စီးပေါ်တွင် တင်ဆောင်ထားရှိသည့် တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ(၁၆၅)ချောင်း (၉.၆၉၉၈)တန် စုစုပေါင်း တရားခံ(၂)ဦး၊ ယာဉ်(၂)စီး၊ တရားမဝင် ကျွန်းသစ်ခွဲသားဆိုဒ်စုံပေါင်း(၃၇၂)ချောင်း (၁၉.၅၁၀၈)တန် တို့အား ဖမ်းဆီးရမိခဲ့ပြီး နှင့် တရားခံ(၂)ဦးနှင့် ယာဉ်(၂)စီးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ အပ်နှံလျက် သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့်အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။

date: 
Monday, May 4, 2020 - 13:15