တရားမဝင်ကျွန်းသစ်လုံးများ ဖမ်းဆီးရမိ

၃-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(ရေကြောင်း)မှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ ကိုင်းကျေးရွာဆိပ်ကမ်းနှင့် မျက်နှာချင်းဆိုင်၊ ချင်းတွင်းမြစ်အတွင်း တရားမဝင်ကျွန်းသစ်(၁၂)လုံး(၁၃.၇၁၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Thursday, May 7, 2020 - 10:45