မဘိမ်းမြို့နယ်၊ ကုန်းမခံကျေးရွာ၏ အရှေ့ဘက် (၂)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၃-၅-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ နယ်မြေလုံခြုံရေး တပ်စု(၁)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ကုန်းမခံကျေးရွာ၏ အရှေ့ဘက် (၂)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းခွဲသား (၂၃၀)ချောင်း (၁၀.၇၂၉၀)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 7, 2020 - 11:00