သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း မော်တော်ယာဉ် (၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၅-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံအနီးမှ မော်တော်ယာဉ် (၁)စီးနှင့်အတူ တရားမဝင် ကျွန်း(တံခါးရွက်)ဆိုဒ်စုံ (၆၄)ချပ် (၀.၉၁၉၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 7, 2020 - 12:00