တောင်ဒဂုံမြို့နယ်၊ လှော်ကားလမ်းမကြီး၊ အမှတ်(၁၄၇)ရပ်ကွက်၊ ဂိုဒေါင် (၁)ခု အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၃-၅-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများအဖွဲ့၊ တောင်ဒဂုံမြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ဒဂုံမြို့နယ်၊ လှော်ကားလမ်းမကြီး၊ အမှတ်(၁၄၇)ရပ်ကွက်၊ အမှတ် (၂၂၉)ရှိ ဂိုဒေါင် အတွင်းမှ တရားမဝင် တောင်သရက်ခွဲသား (၃၃.၉၆၈၄)တန်နှင့် တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 11, 2020 - 10:15