ပဲခူးမြို့နယ်၊ ဇောင်းတူ(၂)ဘိနယ်၊ ဒေသအခေါ် ကျွန်းကြီးပေါင်းလမ်းပေါက် တောင်ဇာမရီကြိုးဝိုင်း အကွက်(၂၁)အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၄-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းအဖွဲ့နှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ဇောင်းတူ(၂)ဘိနယ်၊ ဒေသအခေါ် ကျွန်းကြီးပေါင်းလမ်းပေါက် တောင်ဇာမရီကြိုးဝိုင်း အကွက်(၂၁)အတွင်း တရားမဝင် ပျဉ်းကတိုးခွဲသား (၁၈)ချောင်း (၂.၈၄၃၄)တန်အား ယာဉ်အမှတ် မ/၁၀၀၂ CHEYROLET ခေါင်းစိမ်းရောင် (၆)ဘီး (၁)စီးနှင့်အတူ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် သစ်/ယာဉ်နှင့် ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 11, 2020 - 10:15