သာပေါင်းမြို့နယ်အတွင်းတရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ ငကြွက်ကုန်းကျေးရွာအနီး၊ ညောင်ပင်သာချောင်းအတွင်းမှ တရားမဝင် ဘောင်ဆန့်ခွဲသား (၈၄၉)ချောင်း (၉.၀၁၉၈)တန်အား စက်လှေ(၁)စီးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်/စက်လှေနှင့် ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 11, 2020 - 10:30