ငပုတောမြို့နယ်၊ ကျုံကူးဘိနယ်၊ မဲခရဲကြိုးဝိုင်းအကွက်(၃၀၀)၊ အလုံကျေးရွာအနီး ပုသိမ်-မော်တင်ကားလမ်း ဘေး (၇၀/၀)မိုင်၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း၊ CNJ မှုခင်းသတင်းဌာနအဖွဲ့များနှင် အလုံကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ငပုတောမြို့နယ်၊ ကျုံကူးဘိနယ်၊ မဲခရဲကြိုးဝိုင်းအကွက်(၃၀၀)၊ အလုံကျေးရွာအနီး ပုသိမ်-မော်တင်ကားလမ်း ဘေး (၇၀/၀)မိုင်၌ တရားမဝင် တောင်သရက်သစ်လုံး (၅)လုံး (၆.၅၆၉၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 11, 2020 - 10:30