ဝန်းသိုမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၆-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရွှေဝန်းသီတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ အောင်သိန္ဒိကျောင်းတိုက်အနီး မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၃၈)ချောင်း (၃.၁၄၅၀)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, May 11, 2020 - 12:30