မိုးကောင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်း၊ ကီလိုမီတာ(436)km ရှု့ခင်းသာအနီး မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀-၅-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးကောင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်း၊ ကီလိုမီတာ(436)km ရှု့ခင်းသာအနီး မော်တော်ယာဉ် အမှတ် (MDY 9D/2063) IPSUM ယာဉ်ပေါ်မှ တရားမဝင် ကျွန်း ခွဲသား/တံခါးရွက် (၃၁၉)ချောင်း/ရွက် (၀.၆၂၄၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, May 15, 2020 - 13:45