ကျွန်းလှမြို့နယ်၊ ရွာသီကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၃-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ ရွာသီကျေးရွာအုပ်စု၊ စံပြကျေးရွာ (တောင်ပိုင်း)၊ နေအိမ်ခြံဝန်းအပြင်တောင်ဘက်ခြံစည်းရိုးကပ်လျက်နေရာ၌ တရားမဝင်ကျွန်း/ပျဉ်းကတိုး/ သစ်ယာ/ ယမနေခွဲသား (၁၁၆၉)ချောင်း (၃၅.၂၈၅)တန်ဖမ်းဆီးရမိခဲ့ပြီး (သိရှိ)တရားခံ(၁)ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 19, 2020 - 10:00