ပျော်ဘွယ်မြို့နယ်၊ ကုန်းသာအုပ်စု၊ ပင်သောင်ကျေးရွာ၏ တောင်ဘက်(၃)ဖာလုံခန့် အကွာနေရာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၄-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ၊ ပျော်ဘွယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးတို့ ဦးဆောင်သော စစ်ကြောင်းအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ ကုန်းသာအုပ်စု၊ ပင်သောင်ကျေးရွာ၏ တောင်ဘက်(၃)ဖာလုံခန့်အကွာနေရာမှ တရားမဝင် တောင်ပန္နဲ/တောင်သမာ/ချဉ်ယုတ်/တောင်သရက်/လက်ပံသစ်ခွဲသား စုစုပေါင်း (၅၅)ချောင်း (၆.၆၁၂၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 19, 2020 - 10:15