ရမည်းသင်းမြို့နယ်၊ ပြတိုက်ကျေးရွာ၊ မဟာရတနာပြတိုက်ဘုန်းတော်ကြီးကျောင်း ဝန်း အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၁၆-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်း မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထူးသတင်းတပ်ဖွဲ့မှရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ မြို့လှဘိနယ်၊ ပြတိုက်ကျေးရွာ၊ မဟာရတနာပြတိုက်ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းမှ တရားမဝင် သစ်ယားခွဲသား/စကားဝါခွဲသား (၁၉၇၃)ချောင်း (၂၁.၁၃၇၆))တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 19, 2020 - 11:30