စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းမပေါ် ရွာထောင်ရပ်ကွက်၊ ဓါတ်ပေါင်းစုဘုရားရှေ့၌ တရားမဝင် သစ်များ ဖမ်းဆီးရမိ

၂၂-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းမပေါ် ရွာထောင်ရပ်ကွက်၊ ဓါတ်ပေါင်းစုဘုရားရှေ့၌ မော်တော်ယာဉ်အမှတ် (MDY 8F-5452) Light Ace အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံချပ်ဆိုဒ်စုံ (၈၅)ချပ် (၃.၀၄၄၈)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 25, 2020 - 12:45