ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်းတွင် တရားမဝင် ပိတောက် သစ်ခွဲသားများ အံဝှက်ဖြင့်တင်ဆောင်လာသော ကား(၁)စီး ဖမ်းဆီးရမိ

CMRS သတင်းအရ ၂၃-၅-၂၀၂၀ ရက်နေ့တွင် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူးဦးဆောင်သော သစ်တောဝန်ထမ်း(၉)ဦး၊ ဒေသခံကင်းသား (၄)ဦး၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးနန္ဒအောင်ပါ(၃)ဦး၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် စောအယ်ထူးပါ (၃)ဦး အဖွဲ့တို့သည် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ် (၄၉/၂)အနီး ၌ တရားမဝင်ပိတောက်ခွဲသား ၃၉ချောင်း (၃.၃၉၀၆)တန်အား ကားကြမ်းခင်းအောက် အခန်းဖွဲ့(Box)ဖြင့် ဂဟေတို့ကွယ်ဝှက်၍ မိုးကာဖုံးအုပ်ပြီး တင်ဆောင်မောင်းနှင်လာသည့် ယာဉ်အမှတ် YGN 5B-5552 Nissan Diesel (၁၂)ဘီးယာဉ် (၁)စီးအား တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယာဉ်နှင့် တရားခံများအား ကနီမြို့မရဲစခန်းတွင် အပ်နှံပြီး ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ၄၀(ခ)ဖြင့် ပထမသတင်းပေးတိုင်ချက်ဖွင့်လှစ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Monday, May 25, 2020 - 13:00