ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာအနီးတရားမဝင်သစ်များဖမ်းဆီးရမိ

၂၃-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးမြို့နယ်သစ်တောဦးစီးဌာန မှ တောအုပ်ကြီး ဦးစောအယ်ကလူစိုးမိုး ဦးဆောင်သော သစ်တောဝန်ထမ်း(၃)ဦး၊ ဇီးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သော အဖွဲ့သည် ဇီးတောကျေးရွာအနောက်တောင်ဘက် ဒေသအခေါ်၊ (အင်းဇောင်း)နေရာမှ တရားမဝင်ကျွန်းသစ်ခွဲသား ၇၀ ချောင်း (၈.၅၄၃၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ရှာဖွေဖော်ထုတ်၍ သစ်တောဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Monday, May 25, 2020 - 13:00