ကနီမြို့နယ်၊ နတ်လာပို့ရွာအောက်ဘက်(၁)မိုင်ခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်း ဖောင်တွဲ(၂)နှင့်အတူ တရားမဝင်အင်/ကညင်သစ်လုံးများဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနတို့မှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ နတ်လာပို့ရွာအောက်ဘက်(၁)မိုင်ခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်း ဖောင်တွဲ(၂)နှင့်အတူ တရားမဝင်အင်/ကညင်သစ်လုံးများ(တိုင်းတာဆဲ)အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 29, 2020 - 10:45