ကောလင်းမြို့နယ်၊ ကျွန်းတောကျေးရွာအနီးဝန်းကျင်တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၇-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ကျွန်းတောကျေးရွာ၏ အရှေ့ဘက်(၄)ဖာလုံခန့်အကွာနေရာနှင့် ဘုရားကုန်းအနီးနေရာတို့၌ တရားမဝင်ကညင်ခွဲသား (၁၃၄)ချောင်း (၁၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, June 2, 2020 - 10:30