ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင်ရဲစခန်းရှေ့တွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၀-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခ.လ.ရ(၉၅)တပ်မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းစံပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင်ရဲစခန်းရှေ့နေရာ၌ မော်တော်ယာဉ်အမှတ် (MDY 2H/1030) FUSO Canter (လိမ္မော်ရောင်) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက်ဓါးရွေ(၅၀)ချောင်း (၁)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 3, 2020 - 10:00