ရည်းသင်းမြို့နယ်၊ ရမည်းသင်း-ရွှေမြင်တင်သွားကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၁-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအဖွဲ့သည် ရည်းသင်းမြို့နယ်၊ ရမည်းသင်း-ရွှေမြင်တင်သွားကားလမ်းပေါ် သိမ်ကုန်းကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခွဲခန့်အကွာ နေရာမှ မော်တော်ယာဉ်အမှတ်(MDY 3J/5906) LIFAN (အပြာရောင်)(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင်သစ်ယား/သစ်စေး/လင်းဇင်း/လောက်ယား/သပြေခွဲသား (၈၂၂)ချောင်း (၉)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 3, 2020 - 10:00