ဂွမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃-၆-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ အဖွဲ့သည် ဂွမြို့နယ်၊ ဒေသအခေါ် ငစံအတက်နေရာနှင့် ဒေသအခေါ် တာဝါတိုင်ပေါက်နေရာတို့မှ တရားမဝင် ကညောင်း/တောင်သရက်/ ကညင် ခွဲသား (၁၀၈)ချောင်း (၁၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 8, 2020 - 13:45