ဂွမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၆-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြိုနယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဂွမြို့နယ်၊ ဒေသအခေါ် ကျောက်ခွဲစက်တောင်ကြား၊ ဒေသအခေါ် ကျောက်ကွင်း(တောင်ပေါက်)နှင့် ဒေသအခေါ် ၁၃မိုင်ရွာအနီးနေရာတို့မှ တရားမဝင် တောင်သရက်ခွဲသား (၉၂)ချောင်း (၁၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 8, 2020 - 13:45