ရေဦးမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့အဝင် သစ်တောရုံးရှေ့ မော်တော်ယာဉ် အမှတ် 5A-8532 Nissan Diesel(၆)ဘီး၊ ဖြူ/ပြာကြား ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး/ သစ်ယာ ခွဲသား (၈၅)ချောင်း (၅)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, June 8, 2020 - 15:00