လားရှိုးမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၆-၆-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီးမိုင်တိုင်(၁၉၇/၁)၊ စံလောင်းကျေးရွာအနီး မော်တော်ယာဉ်အမှတ် (MDY 5G/4816)အဖြူရောင် (၁)စီးပေါ်မှ တရားမဝင် တမလန်းခွဲသား (၂၂၁)ချောင်း (၀.၄၄၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, June 9, 2020 - 13:15