သပိတ်ကျင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၆-၆-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်း မြို့နယ်၊ ကျောက်ဖျာကျေးရွာအနီးပတ်ဝန်းကျင်နှင့် ချောင်းကြီး ကြိုးဝိုင်းအကွက်အမှတ်(၅၇)နေရာများမှ တရားမဝင် ကညင်/မအူ/နှော/အင်/ပျဉ်းကတိုး/ကျွန်း/ လုံးပတ် ၃ပေအောက်ကျွန်း သစ်/ခွဲခြမ်း/ခွဲသား/ဓါးရွေ (၂၁၀၇)လုံး/ခြမ်း/ချောင်း/တုံး (၃၀)တန်၊ အင်ဂျင် (၁)လုံး၊ လွှဝိုင်း(၃)ဝိုင်း၊ (၄၅)ပေါင်ဝင်မီးသွေး (၄၈)တန်တို့နှင့်အတူ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, June 9, 2020 - 13:15