မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီ (MFCC) ၏သတ္တမအကြိမ်မြောက် အစည်းအဝေး အခမ်းအနားကို(Video Conference)ဖြင့်ကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၁၁-၆-၂၀၂၀ ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မြန်မာနိုင်ငံသစ်တော ထောက်ခံချက်ပြုရေးကော်မတီ (MFCC) ၏သတ္တမအကြိမ်မြောက် အစည်းအဝေး အခမ်းအနားကို(Video Conference)ဖြင့်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ (သစ်တော)မှ အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသစ်တော ထောက်ခံချက်ပြုရေးကော်မတီ၏အဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်

date: 
Friday, June 12, 2020 - 13:30