စေတုတ္တရာမြို့နယ်၊ စလင်း-စေတုတ္တရာကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၆-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စေတုတ္တရာမြို့နယ်၊ စလင်း-စေတုတ္တရာကားလမ်း၊ ညောင်အိုင်ကျေးရွာအဝင်နေရာ၌ မော်တော်ယာဉ်အမှတ် (2K/3822) Faw (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးသစ်လုံးပတ်(၃)ပေအောက်(၃၆)လုံး (၂)တန်အား တရားခံ(၂)ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, June 16, 2020 - 13:45