ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း စက်လှေ(၃)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၅-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ အိုင်တောင်(တောင်)ဆိပ်ကမ်း၊ ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် အင်ခွဲသား (၁၁၄၇)ချောင်း (၁၅)တန်အား စက်လှေ(၃)စီနှင့်အတူ သတင်းအရသွားရောက်ဖမ်းဆီးစဉ် ပိုင်ရှင်တစ်ဦး တစ်ယောက်မျှ မတွေ့ရှိရသောကြောင့် ပိုင်ရှင်မဲ့အဖြစ်ဖမ်းဆီးပြီး သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်အတူ တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 22, 2020 - 10:15