လွိုင်ကော်မြို့နယ်၊ ထေးသမရပ်ကွက်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၆-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ ထေးသမရပ်ကွက်အတွင်း ညနေခင်းဈေးလမ်းမဘေးနေရာ၌ တစ်ဦးတစ်ယောက်မှ တွေ့ရှိရခြင်းမရှိဘဲ မသင်္ကာဖွယ်ရပ်တန့်ထားသော မော်တော်ယာဉ်အမှတ်(YGN SE/8176) HILUX SURF ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၃၄၃)ချောင်း (၁)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 24, 2020 - 11:45