မုံရွာမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ စစ်ပင်ရပ်ကွက်၊ ပန်းပဲတန်းနယ်မြေ၊ ဘူတာသွားလမ်းနှင့် ကမ်းနားသွားလမ်းနေရာရှိ ခြံဝင်းအတွင်းသို့ သတင်းအရ သွားရောက်ဖမ်းဆီးရာ ခြံဝင်းအတွင်းရှိ မော်တော်ယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားသဖြင့် ဖမ်းဆီးရေးအဖွဲ့မှ လိုက်လံဖမ်းဆီးရာ အလုံဘူတာအနီး လမ်းပေါ်တွင် စက်ရပ်မထားဘဲ ရပ်တန့်၍ ယာဉ်မောင်းထွက်ပြေးသွားပြီး မော်တော်ယာဉ် အား ရှာဖွေစစ်ဆေးရာ မော်တော်ယာဉ်အမှတ်မပါ DONG FENG စက်မှုဖုန်ထုတ်ဖြူ/စိမ်းကြား(၆)ဘီးယာဉ်ပေါ်မှ လုံးပတ်(၃)ပေါအောက်အင်သစ်(၄၄)လုံး(၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး သစ်ပိုင်ရှင်အား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် မုံရွာမြို့၊ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 24, 2020 - 12:00