အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း မော်တော်ဆိုင်ကယ်(၇)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၇-၆-၂၀၂၀ ရက်နေ့တွင် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း တပ်ဆင်ထားသော Cellular Trailcam ကင်မရာ၏ သစ်ခွဲသားများ တင်ဆောင်ထားသော ဆိုင်ကယ်များထွက်လာသည့် မှတ်တမ်းဓါတ်ပုံပေးပို့ချက်အရ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ တောအုပ်ကြီးနှင့်ဝန်ထမ်းများ၊ ဒေသခံကင်းသားများ၊ Global Conservationအဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ဝါးဘိုးကျောက်တောင်ပေါက်မှ ကင်းပုန်းဝပ်စောင့်ဆိုင်းရာထွက်ပေါ်လာခြင်းမရှိသဖြင့် အတွင်းဘက်သို့ သွားရောက်၍ ကင်းလှည့်စစ်ဆေးရာ ဝါးဘိုးတောင်၏ အတွင်းဘက်(၄)ဖာလုံခန့်အကွာနေရာ ဆိုင်ကယ်ပေါ်မှ ပစ်ချထားသည့် တရားမဝင်ပိတောက်ခွဲသား (၈)ချောင်း (၁)တန်နှင့် ရပ်တန့်ထားသော မော်တော်ဆိုင်ကယ်(၇)စီးအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, July 1, 2020 - 09:45