မြိုင်-သင်ပေါင်းကန်လမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၈-၆-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မြိုင်မြို့နယ်၊ မြိုင်-သင်ပေါင်းကန်လမ်း ဒေသအခေါ် တောဝေးကန်ဇရပ်အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(MDY 8E/7028) TOYOTA HIACE (အဖြူရောင်)ယာဉ်သည် ရပ်တန့်ထားသည်ကိုတွေ့ရှိရပြီး တစ်ဦးတစ်ယောက်မှ မတွေ့ရှိရသဖြင့် ဖမ်းဆီးရေးအဖွဲ့မှ ယာဉ်အား စစ်ဆေးရာ တရားမဝင်ကျွန်းခွဲသား (၁၄၈)ချောင်း (၁)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, July 1, 2020 - 09:45