အုတ်တွင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၆-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သီရိဘက်စုံကုမ္ပဏီမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်းမိုင်တိုင် (၇၃/၆)၊ ခပေါင်းကြိုးဝိုင်းအကွက် အမှတ် (၆၃၊၉၅)နေရာများမှ တရားမဝင် ကျွန်းသစ် (၃၄)လုံး (၄)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, July 1, 2020 - 15:00