တောင်ဒဂုံမြို့နယ်၊ ရိုးမရိပ်သာလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂-၇-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်မှုအောက်ရှိ တောင်ဒဂုံမြို့နယ်၊ ရိုးမရိပ်သာလမ်း၊ (၁၄၁/၁)ရပ်ကွက်၊ အမှတ်(၆၉၆)ရှိ “ဖူရိန်ကျီ” စားသောက်ဆိုင်ဝန်းအတွင်း မော်တော်ယာဉ်အမှတ် (YGN 9A/9732) TOYOTA (Dyna) (အဖြူရောင်) ယာဉ်နှင့်အတူ တရားမဝင်ပိတောက်ခွဲသား (၅၈)ချောင်း (၇)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားခံ(၁)ဦးနှင့်အတူ ဆက်စပ်တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 6, 2020 - 14:00