မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် တည်ထောင်သည့် ၂၀၂၀ ပြည့်နှစ် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း(၁၀၀)ဧက စိုက်ပျိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ သစ်ပင်များ စိုက်ပျိုးပေး

((၁၁-၇-၂၀၂၀)ရက်နေ့၊ နံနက်တွင် နေပြည်တော်- ကံပြားလမ်း၊ ငလိုက်ကြိုးဝိုင်း၊ အကွက် အမှတ်(၃၀)အတွင်းရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် တည်ထောင်သည့် ၂၀၂၀ ပြည့်နှစ် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း(၁၀၀)ဧက စိုက်ပျိုးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ သစ်ပင်များ စိုက်ပျိုးပေးခဲ့သည်။
စိုက်ပျိုးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် သစ်တောဦးစီးဌာနမှ အရာထမ်း များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရှိရပါသည်။
ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်- ကံပြားလမ်း၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၃၀)အတွင်းရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် တည်ထောင်သည့် ၂၀၂၀ ပြည့်နှစ် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း(၁၀၀)ဧကတွင် စိုက်ပျိုးထား ရှိသည့် သစ်ပင်များ၏ ရှင်သန်နေမှု၊ နုန်းထိန်းတမံများ ဆောင်ရွက်ထားရှိမှုနှင့် ရေတိုက်စားနိုင် သည့် နေရာများတွင် ဗာတီဗာမြက်များ စိုက်ပျိုးထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
၂၀၁၉ ခုနှစ် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း(၁၀၀)ဧက စိုက်ခင်းရှင်းလင်းဆောင်တွင် သစ်တောဦးစီးဌာန၊ သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာန ညွှန်ကြားရေးမှူးမှ ၂၀၁၉ ခုနှစ် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်း(၁၀၀)ဧက၏ လုပ်ငန်းရာသီအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၀ ပြည့်နှစ် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်း(၁၀၀)ဧက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတို့အား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ စိုက်ခင်းများ ပေါင်းသင်းရှင်းလင်းခြင်းလုပ်ငန်း၊ သေပင်များဖာထေးခြင်းလုပ်ငန်းနှင့် ရေရရှိရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ထားရှိရန်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း လာမည့်နှစ်များတွင် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင် ရေးအတွက် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူများနှင့်အတူ ၂၀၁၉ ခုနှစ် ဂေဟစနစ်ဖြည့် တင်းရေးစိုက်ခင်း(၁၀၀)ဧကတွင် စိုက်ပျိုးထားသည့် သစ်မာမျိုးစုံ(၉၇)မျိုးတို့၏ ရှင်သန်အောင်မြင် နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

date: 
Monday, July 13, 2020 - 09:45