ကလေးဝမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၇-၂၀၂၀ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ် ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ယုဇန လယ်ရွာအရှေ့ဘက်၊ ရေဦး-ကလေးဝကားလမ်းဘေး၊ မိုင်တိုင်အမှတ် (158)Kmနေရာ မော်တော်ယာဉ် အမှတ် MDY S-5614 နံပါတ်ပါ (NISSAN DIESEL)UD ခေါင်းတို ခေါင်းစိမ်းဝါကြား၊ ဘော်ဒီစိမ်းပြာ (၆)ဘီးယာဉ် (၁)စီးပေါ်မှ တရားမဝင် အင်ခွဲသား (၁၀၅)ချောင်း (၁၀)တန်အား ဖမ်းဆီးစဉ် တစ်ဦး တစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, July 16, 2020 - 11:00