မှော်ဘီမြို့အမှတ်(၁) ၊ အမှတ်(၂)၊ ဝါးနက်ချောင်းနှင့် တပ်ကြီးကုန်း စသည့် စာသင်ကျောင်း(၄)ကျောင်းအား RETC သင်တန်းကျောင်း မီးငြှိမ်းသတ်ရေးယာဉ်ဖြင့် COVID-19 ကူးစက်မှုကာကွယ်ရေး ဓါတုဆေးရည်ဖြန်းခြင်းကို ဆောင်ရွက်

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။ လတ်တလော ဖြစ်ပွားရသည့် COVID-19 ကူးစက်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ပုံမှန် သင်တန်းအစီအစဉ်များ မတ်လမှ စတင်၍ ယာယီ ရပ်ဆိုင်းထားပြီး ယခုကာလအတွင်း သင်တန်းကျောင်း အဆောက်အဦ ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေး လှပရေးလုပ်ငန်းများ အလေးပေး ဆောင်ရွက်လျက်ရှိသည့်အပြင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကို သင်တန်းကျောင်း အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်၊ ၁၈-၇-၂၀၂၀ ရက်နေ့၌ မှော်ဘီမြို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စာသင်ကျောင်း တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မှော်ဘီမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများဖြစ်သည့် အမှတ်(၁) ၊ အမှတ်(၂)၊ ဝါးနက်ချောင်းနှင့် တပ်ကြီးကုန်း စသည့် စာသင်ကျောင်း(၄)ကျောင်းအား RETC သင်တန်းကျောင်း မီးငြှိမ်းသတ်ရေးယာဉ်ဖြင့် COVID-19 ကူးစက်မှုကာကွယ်ရေး ဓါတုဆေးရည်ဖြန်းခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

date: 
Tuesday, July 21, 2020 - 16:00