ဒီရေတော များပြန်လည်ထူထောင်ရေးအတွက် စွမ်းဆောင်ရည် တည်ဆောက်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ခြင်းများနှင့် မျိုးသုဉ်းပျောက်ကွယ်နိုင်ခြေ ရှိသော သစ်ခွမျိုးစိတ်များထိန်းသိမ်းရေးစီမံကိန်းပထမကြိမ်လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၄-၇-၂၀၂၀ ရက်နေ့ နံနက်(၁၁း၀၀)နာရီ အချိန်တွင် သစ်တောဦးစီးဌာနနှင့် Worldview International Foundation(WIF) အဖွဲ့တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံတွင် “ ဒီရေတော များပြန်လည်ထူထောင်ရေးအတွက် စွမ်းဆောင်ရည် တည်ဆောက်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ခြင်းများနှင့် မျိုးသုဉ်းပျောက်ကွယ်နိုင်ခြေ ရှိသော သစ်ခွမျိုးစိတ်များထိန်းသိမ်းရေးစီမံကိန်း” စီမံကိန်း ကြီးကြပ်ရေးကော်မတီ၏ ပထမကြိမ်လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ကျင်းပရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့်အမှာ စကားပြောကြားပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ Worldview International Foundation(WIF) မှ ကိုယ်စားလှယ်များတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

date: 
Friday, July 24, 2020 - 15:15