မင်းကင်းမြို့နယ်၊ ပိတ်ချင်းတောကြိုးပြင်ကာကွယ်တောအတွင်း တာယာဘီးတပ်လှည်း (၄)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ ပိတ်ချင်းတောကြိုးပြင်ကာကွယ်တောအတွင်း တာယာဘီးတပ်လှည်း (၄)စီးနှင့်အတူ တရားမဝင်ပျဉ်းကတိုး/အင်/ကညင်/သစ်ယာသစ်/ခွဲသား (၆၆)လုံး/ချောင်း (၁၅)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 27, 2020 - 11:15