သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့ရှိ တိရစ္ဆာန်များအစာအတွက် လှူဒါန်းငွေပေးအပ်ပွဲကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့ရှိ တိရစ္ဆာန်များအစာအတွက် လှူဒါန်းငွေပေးအပ်ပွဲအား (၃၀-၇-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
COVID-19 ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မှုကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း တိရစ္ဆာန် ဥယျာဉ်များအား အများပြည်သူ ဝင်ရောက်ခွင့်ပိတ်ထားသဖြင့် တိရစ္ဆာန်များအစာအတွက် သစ်တောဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ စုပေါင်းလှူဒါန်းငွေ ကျပ်(၇၂၀၀၀၀) အား သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) တာဝန်ခံ ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)နှင့် တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တို့ တွင်လည်း ဆက်လက်လှူဒါန်းသွားမည်ကြောင်း သိရှိရပါသည်။
တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့တွင် တိရစ္ဆာန်အမျိုး ပေါင်း(၁၀၀)မျိုးရှိ၍ နို့တိုက်သတ္တဝါ (၅၃၆)၊ တွားသွားသတ္တဝါ(၆၄)နှင့် ကျေးငှက်မျိုးစုံ (၃၅၅)၊ စုစုပေါင်း(၉၅၅)ကောင် မွေးမြူထားရှိပါသည်။

date: 
Tuesday, August 4, 2020 - 10:45