အုတ်တွင်းမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၈-၇-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်း မြို့နယ်၊ အုတ်တွင်း- ပေါက်ခေါင်းကားလမ်းမိုင်တိုင်(၁၀၈/၄)အနီးနေရာနှင့် ဘုန်းတောင်ကြိုးဝိုင်းအကွက်အမှတ်(၂၅၊ ၅၁)အတွင်းနေရာတို့၌ မော်တော်ယာဉ်အမှတ်-9N/1689 (GRANDIS) ယာဉ်(၁)စီးနှင့် တရားမဝင် ကျွန်း သစ်/ခွဲသား (၅၆)လုံး/ချောင်း (၃)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, August 4, 2020 - 15:30