ကျွန်းစုမြို့နယ်အတွင်း စက်လှေ(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃-၈-၂၀၂၀ ရက်နေ့တွင် ကမ်းခြေစောင့်တိုက်ရေယာဉ်(၄၀၃)မှ ဗိုလ်ကြီးနေဝင်းကျော် ဦးစီးသောတပ်မတော်သားများ အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းခေါင်းဆေးကျေးရွာ၏ တောင်ဘက်ကမ်းခြေ နေရာနှင့် ကိုလန်ကျွန်းမြောက်ဘက်(၂.၂)မိုင်ခန့်အကွာနေရာတို့၌ စက်လှေ(၂)စီးပေါ်မှ တရားမဝင်သစ်ယား/ ကဒွတ်/ဇင်းစွယ်သစ်/ခွဲခြမ်း (၃၃၄)လုံး/ခြမ်း (၂၁)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, August 10, 2020 - 11:15