မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၈-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၆/၆)နှင့်(၂၆/၇)ကြား နေရာ၌ မော်တော်ယာဉ်အမှတ်(၉ဌ/၂၄၀၅၀) အစိမ်းရောင်(၆)ဘီး ကန့်လန့်ထော်လာဂျီ(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၁၅၆)ချောင်း (၃)တန် ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, August 10, 2020 - 11:15